ရှီကျင့်ဖိန်နှင့် Tshisekedi တို့သည် တရုတ်-ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဆက်ဆံမှု ပုံမှန်ဖြစ်စေရေး နှစ်(၅၀)ပြည့်မြောက်ခြင်းနှင့်ပတ်သက်၍ ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2022-11-25 15:05:25  

နိုဝင်ဘာလ ၂၄ ရက်နေ့က တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်နှင့် ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Tshisekedi တို့သည် နှစ်နိုင်ငံဆက်ဆံမှု ပုံမှန်ဖြစ်စေရေး နှစ်(၅၀)ပြည့်မြောက်ခြင်းကို ဂုဏ်ပြုရန်အတွက် ဂုဏ်ပြုသဝဏ်လွှာကို အပြန်အလှန်ပေးပို့ခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က နှစ်(၅၀)အတွင်း တရုတ်-ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဆက်ဆံရေးသည် ကောင်းမွန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး ချစ်ကြည်ရေးအစဉ်အလာ အဆက်မပြတ်နက်ရှိုင်းလာကြောင်း၊ ယခုနှစ်များအတွင်း နှစ်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်ပြီး အကျိုးအတူရရှိရေး ဖြစ်သော မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ကြ၍ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှု အောင်ကျိုးရလဒ်များစွာရရှိကာ နှစ်နိုင်ငံပြည်သူများ၏ သုခချမ်းသာမှုကို မြှင့်တင်လာကြောင်း ပြောကြားခဲ့ပါသည်။