ရှေးခေတ်က ဖောက်ထားသော ကျင်းစားမြစ် ရေလမ်း ပြန်လည် အသက်ဝင်နေ

(GMT+08:00)2022-11-25 15:23:35  

ယန်စီမြစ် အထက်ပိုင်းရှိ ကျင်းစားမြစ်သည် တရုတ်နိုင်ငံ စိချွမ်းပြည်နယ်နှင့် ယူနန်ပြည်နယ် အရှေ့ဘက်ပင်လယ်သို့ သွားရန် အရေးကြီးရေကြောင်းဖြစ်သည်။ ရှေးခေတ်က ကျင်းစားမြစ် နှစ်ဖက်ကမ်းတွင် မြင့်မားသောတောင်တန်းများ ရှိပြီး သဘာဝ ရေလမ်းမှာလည်း အကွေ့များ၍  ရေကြောင်းပို့ဆောင်မှုအတွက် ကန့်သတ်ချက် ရှိသည်။ လွန်ခဲ့သည့်နှစ်များအတွင်း ရှန့်ကျားဘတ် အစရှိသော အရေးကြီး ရေအားလျှပ်စစ် ဓာတ်အားပေးစခန်း တစ်ခုပြီးတစ်ခု တည်ဆောက်ပြီးစီးပြီးနောက် ကျင်းစားမြစ် ရေကြောင်းပို့ဆောင်ရေး အခြေအနေ များစွာ ကောင်းမွန်လာပြီး ယင်းဒေသမှ ဖော့ဖိတ်ကျောက်နှင့် ကျောက်စရစ်ခဲများကို ရေလမ်းမှတစ်ဆင့် ပို့ဆောင်လာနိုင်သည်။