ကမ္ဘာ့ဖလားပွဲတွင် သုံးသောအလံများကို ဤနေရာတွင် ထုတ်လုပ်သည်

(GMT+08:00)2022-11-25 15:24:21  

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပလျက် ရှိသည်။ တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ် ချင်းတော်မြို့မှ ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ဖလားပွဲအတွက် အလံများ ထုတ်လုပ်ပေးပြီး မျက်မှောက်အချိန်တွင် ပြည်ပကုန်သည်များ၏ အပိုအမှာစာများထဲက ကုန်ပစ္စည်းများကို ထုတ်လုပ်နေလျက်ဖြစ်သည်။ ၄င်းသည် ကမ္ဘာ့ဖလားပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြသော နိုင်ငံများမှ နိုင်ငံ့အလံများ၊ ဘောလုံးလိုဂိုအလံ စသည်တို့ကို ထုတ်လုပ်ပြီး ပြိုင်ပွဲရလဒ်များအရ ထုတ်လုပ်မှု အစီအစဉ်ကို ပြောင်းလဲတတ်သည်။ ယင်းကုမ္ပဏီသည် ၇ ကြိမ် ကမ္ဘာ့ဖလားပွဲအတွက် အလံအမျိုးမျိုး ပံ့ပိုးပေးနေပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။