ကျူးဘား နိုင်ငံ သမ္မတ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအတွင်းရေးမှူး တရုတ်ပြည်၌ ခရီးလှည့်လည်၊ ရှီကျင့်ဖိန်သည် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

(GMT+08:00)2022-11-25 20:42:17  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ အခမ်းအနား ပြုလုပ်ပြီး တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည် နေသော ကျူးဘား နိုင်ငံ သမ္မတ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအတွင်းရေးမှူး ဒီယာဇ် ကာနယ်အား ကြိုဆိုခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ထျန်းအန်းမင် ရင်ပြင်ကြီးတွင် ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ဖောက်ခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန်၏ဇနီး ဖုန်လိယွမ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီဝင် ဝမ်ယိ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုဥက္ကဋ္ဌ ဟိုလိဖုန်းတို့သည် ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

ဒီယာဇ် ကာနယ်သည် ရှီကျင့်ဖိန် လိုက်ပါလျက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ကြပါသည်။

ဒီယာဇ် ကာနယ်သည် ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ခြင်း ဖြစ်ပါသည်။