လက်တွဲ ချီတက်ပြီး ခေတ်ကာလသစ်တွင် တရုတ်-ကျူးဘား ဆက်ဆံမှုကို အဆက်မပြတ် နက်ရှိုင်းစေလိုဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-11-25 15:03:49  

ယခုလ ၂၅ရက်နေ့ နံနက်ပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် တရုတ်ပြည်သို့ တရားဝင် အလည်အပတ် ရောက်ရှိလာသော ကျူးဘား ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး(၁)၊ ကျူးဘား နိုင်ငံတော် သမ္မတ Miguel Díaz-Canel Bermúdezနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တရုတ်ပြည်သည် ကျူးဘားဘက်နှင့် နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှုကို အဆက်မပြတ် နက်ရှိုင်းစေပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ မိမိနိုင်ငံ၏ ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် လမ်းကြောင်း တည်ဆောက်ရေးတွင် လက်တွဲ ချီတက်၍ ခေတ်ကာလသစ်တွင် တရုတ်-ကျူးဘား ဆက်ဆံမှုကို အဆက်မပြတ် နက်ရှိုင်းစေလိုကြောင်း ပြောကြားသည်။