ချန်အာ အမှတ်၇ ၏ အရေးကြီးတာဝန်- လကမ္ဘာတွင် ရေကို ရှာဖွေ

(GMT+08:00)2022-11-25 15:07:55  

နိုဝင်ဘာလ ၂၄ရက်နေ့က တရုတ်နိုင်ငံတော်အာကာသဌာနသည် တရုတ်နိုင်ငံ လကမ္ဘာလေ့လာရေးလုပ်ငန်း စတုတ္ထအဆင့်နှင့် အာကာသစူးစမ်းလေ့လာရေးတာဝန်၏ နောက်ဆက်တွဲ စီမံကိန်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ချန်အာ အမှတ်၇သည် လကမ္ဘာတောင်ဘက်စွန်းသို့ ဆင်းသက်ပြီး ပျံသန်းမှု စူးစမ်းလေ့လာရေးကို ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် ချန်အာ အမှတ်၇သည် လကမ္ဘာတွင် ရေကိုရှာဖွေရန် အရေးကြီးတာဝန်တစ်ရပ်လည်း ရှိသည်။