တရုတ်နိုင်ငံသည် အင်ဒိုနီးရှား၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် လိုအပ်သော ထောက်ပံ့ကူညီမှုများ ပံ့ပိုးလိုသည်ဟု တရုတ်ဆို

(GMT+08:00)2022-11-24 15:18:21  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံတွင် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အာရုံစိုက်ကြောင်း၊ ၂၂ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အင်ဒိုနီးရှားသမ္မတ ဂျိုကို အား နှစ်သိမ့်ကြောင်းသဝဏ်လွှာလည်း ပေးပို့ခဲ့ကြောင်း၊ တရုတ်-အင်ဒိုနီးရှားသည် ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံသည် အင်ဒိုနီးရှား၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် လိုအပ်သော ထောက်ပံ့ကူညီမှုများ ပံ့ပိုးလိုကာ အင်ဒိုနီးရှားပြည်သူများသည် သဘာဝဘေးအန္တရာယ်ကို ကျော်လွှားနိုင်ပြီး ဇာတိမြေကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ယခုလ ၂၃ ရက်နေ့က ပြောကြားခဲ့သည်ဟု သိရပါသည်။