အီရန် နျူကလီးယားရေးရာ ဆွေးနွေးပွဲတွင် အီရန်နှင့် အမေရိကန်အကြား သဘောကွဲလွဲမှု ၃ ခုရှိဟု အီရန် နိုင်ငံခြားရေးဝန်ကြီး ဆို

(GMT+08:00)2022-11-24 16:14:19  

အီရန် နျူကလီးယားပြဿနာ ဘက်စုံသဘောတူစာချုပ် ပြန်လည် လိုက်နာ ဆောင်ရွက်ရေး ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုနှင့် ပတ်သက်၍ အီရန်နှင့် အမေရိကန်တို့သည် အဓိကအားဖြင့် သဘောကွဲလွဲမှု ၃ ခုရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abdullahiyanက ယခုလ ၂၃ရက်နေ့က ပြောကြားခဲ့သည်။

ထိုနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ Abdullahiyanက ပထမသဘောကွဲလွဲမှုမှာ အီရန်နှင့် IAEA အကြား ကျန်ရှိသည့် ပြဿနာများကို ဖြေရှင်းခြင်းဖြစ်ကြောင်း၊ ဒုတိယသဘောကွဲလွဲမှုမှာ အီရန်က စီးပွားရေးအာမခံချက် ရရှိရန် တောင်းဆိုခြင်းဖြစ်ကြောင်း၊ တတိယသဘောကွဲလွဲမှုမှာ အနောက်နိုင်ငံများ၏ အရေးယူမှုများကို တတိယဘက်အား မတိုးချဲ့ရန် တောင်းဆိုခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။