တူရကီသည် ဆီးရီးယား၌ ကာ့ဒ်လက်နက်ကိုင်အဖွဲ့အား မြေပြင်စစ်ဆင်ရေးများ ပြုလုပ်မည်ဟု အာဒိုဂန် ဆို

(GMT+08:00)2022-11-24 14:27:06  

တူရကီနိုင်ငံတောင်ပိုင်း နယ်စပ်ဒေသနှင့်ထိစပ်သော ဆီးရီးယားနိုင်ငံမြောက်ပိုင်းဒေသ၌ လုံခြုံရေးကြားခံဇုန်တစ်ခုကို တည်ထောင်ရန်အတွက် တူရကီတပ်ဖွဲ့သည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသ၌ စခန်းချသော ကာ့ဒ်လက်နက်ကိုင်အဖွဲ့ " ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့"အား မြေပြင်စစ်ဆင်မှုကို သင့်လျော်သောအချိန်တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က နိုဝင်ဘာလ ၂၃ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနမှ သတင်းအရ သိရပါသည်။

ယခင်က တူရကီနိုင်ငံ၏ လေယာဉ်များ၊ အမြောက်များနှင့် ဒရုန်းများဖြင့် ပြုလုပ်သော တိုက်ခိုက်မှုများသည် အစသာဖြစ်ကြောင်း၊ တူရကီသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ထာရီဖာ့တ်၊ မန်ဘစ်ဂ်ျနှင့် အိုင်အယ်အာရပ် ဒေသများရှိ လက်နက်ကိုင်သမားများကို တဖြည်းဖြည်းနှင့် ဖယ်ရှားမည်ဖြစ်ကြောင်း အာဒိုဂန်က ထိုနေ့က အာဏာရပါတီဖြစ်သည့် တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုပါတီ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။