အမေရိကန် ဗာဂျီးနီးယား Walmart စူပါမားကတ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား

(GMT+08:00)2022-11-24 16:10:05  

ယခုလ ၂၃ရက်နေ့က အမေရိကန်အရှေ့ပိုင်း ဗာဂျီးနီးယားပြည်နယ် Chesapeake မြို့မှ ရဲဘက်၏ ပြောဆိုချက်အရ မကြာခင်က Chesapeakeမြို့ Walmart စူပါမားကတ်တွင် ဖြစ်ပွားသော သေနတ်ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိကာ သေနတ်သမားမှာ အဆုံးစီရင်သွားကြောင်း၊ စုံစမ်းစစ်ဆေးသူများက သေနတ်သမားသည် ပစ္စတိုဖြင့် ကိုယ့်ကိုယ်ကိုယ် ပစ်ပြီး အဆုံးစီရင်သွားကြောင်း၊ အမေရိကန် မီဒီယာ၏ သတင်းဖော်ပြချက်အရ သေနတ်သမားသည် ယင်း စူပါမားကတ်၏ ညဆိုင်း မန်နေဂျာဖြစ်ပြီး သေနတ်ပစ်ရသည့်  အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။