တရုတ်သည် နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တက်ကြွစွာ တွန်းအားပေးမည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုကိုယ်စားလှယ်ဆို

(GMT+08:00)2022-11-24 15:36:35  

ယခုလ ၂၃ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုကိုယ်စားလှယ် ကင်စွမ်က တရုတ်သည် လုံခြုံရေးကောင်စီ ၁၂၆၇ ကော်မတီ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီနှင့် ၁၅၄၀ ကော်မတီ လုပ်ငန်းများကို တက်တက်ကြွကြွ ပါဝင်ပြီး နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တွန်းအားပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေး စနစ်ကို ဖြည့်စွက်ပြီး ကမ္ဘာ့အေးချမ်းတည်ငြိမ်ရေးအတွက် အကျိုးပြုမှုသစ်များကို စွမ်းဆောင်မည် ဖြစ်ကြောင်း ဖော်ပြသည်ဟု သတင်းအရ  သိရပါသည်။