လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ သွန်လွင်သည် တရုတ်ပြည်သို့ လာရောက်ခရီးလှည့်လည်မည်

(GMT+08:00)2022-11-24 15:21:59  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ သွန်လွင်သည် နိုဝင်ဘာလ ၂၉ရက်နေ့မှ ဒီဇင်ဘာလ ၁ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၄ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟူကျောက်မင်းက ထုတ်ပြန်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။