"အချိန်ဘဏ်" တွင် သက်ကြီးရွယ်အိုများ အချင်းချင်းကူညီ

(GMT+08:00)2022-11-24 15:19:39  

"အချိန်ဘဏ်" သည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ရှန့်ချင်မြို့နယ်မှ စတင်ဆောင်ရွက်သည့် လူနေရပ်ကွက်များတွင် သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ စေတနာ့ ဝန်ထမ်းများသည် တစ်ယောက်တည်းနေထိုင်သောအဘိုးအဘွား၊ အသက်ကြီးအဘိုးအဘွားများအတွက် အစားအသောက်များပံ့ပိုးပေးခြင်း၊ အိမ်သို့ ကြည့်ရှုပေးခြင်း၊ အိမ်မှုကိစ္စ ကူညီဆောင်ရွက်ပေးခြင်း စသည့် စေတနာ့ဝန်ထမ်းဝန်ဆောင်မှုများကို ဆောင်ရွက်သည်။ စေတနာ့ဝန်ထမ်းများသည် စေတနာ့ဝန်ဆောင်မှုဖြင့် စုစည်းထားသော အမှတ်များကို "အချိန်ဘဏ်"တွင် အမျိုးမျိုးသော နေ့စဉ်သုံးပစ္စည်းများကို လဲလှယ်၍ ရသည်။ လက်ရှိတွင် စေတနာ့ဝန်ထမ်း စုစုပေါင်း ၇၀သည် "အချိန်ဘဏ်" သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုပရောဂျက်တွင် ပါဝင်ခဲ့ပြီး သက်ကြီးရွယ်အိုများအတွက် ဝန်ဆောင်မှု ၆၃၀၀ ကျော်ကို ပံ့ပိုးပေးခဲ့ပါသည်။