သေနတ် အကြမ်းဖက်မှု ပြဿနာသည် အမေရိကန် နိုင်ငံရေး သမားများ၏ ပင်ကိုယ်အသိဥာဏ်ကို စိန်ခေါ်

(GMT+08:00)2022-11-24 16:12:08  

     ဒေသ စံတော်ချိန် ယခုလ ၂၂ ရက်နေ့က အမေရိကန် ဗာဂျီးနီးယားပြည်နယ် Chesapeakeမြို့ Walmart စူပါမားကတ်တွင် ဖြစ်ပွားသော သေနတ်ပစ်ခတ်မှု၌ လူ ၆ ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိသည်။ ၁၉ရက်နေ့တွင် အမေရိကန် ကော်လိုရာဒိုပြည်နယ်ရှိ ညကလပ်တစ်ခုတွင် လည်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ လူ ၅ဦး သေဆုံးပြီး ၂၅ဦး ဒဏ်ရာရရှိခဲ့သည်။ အမေရိကန်တွင် အတိုင်းအတာ ကြီးမားသည့် သေနတ်ပစ်ခတ်မှု အရေအတွက် ၃နှစ် ဆက်တိုက် အကြိမ်ပေါင်း ၆၀၀ကျော်လွန်ခဲ့သည်။

အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပြီးစီးသည်မှာ မကြာသေးပါ။ သေနတ် အကြမ်းဖက်မှုအပေါ် လူအများသည် ကျယ်ကျယ်ပြန့်ပြန့် အာရုံစူးစိုက်နေကြသည်။ အမေရိကန် သမ္မတ ဘိုင်ဒင်က သေနတ် အကြမ်းဖက်မှု ပြဿနာကို ဖြေရှင်းရမည် ဖြစ်ကြောင်း ပြောကြားသည်။ လက်ရှိ အမေရိကန်တွင် သေနတ် အကြမ်းဖက်မှုမှ အမေရိကန်တို့၏ အသက်ဘေးကင်းမှု အပေါ် ခြိမ်းခြောက်မှု၊ အများပြည်သူ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပေါ် ထိခိုက်မှုနှင့် အမေရိကန် လူ့အဖွဲ့အစည်း၏ အရိပ်အယောင် တစ်ခုလုံး အပေါ် ဂယက်ရိုက်ခတ်မှုများ အလွန် ဆိုးရွားသည်။ ပိုပြီး နက်ရှိုင်းသည့် ရှုထောင့်မှ ကြည့်လျှင် ယခုအထိ အမေရိကန်၏ သေနတ် အကြမ်းဖက်မှု  ပြဿနာကို မဖြေရှင်းနိုင်သေးသည့် အခြေခံ အကြောင်းရင်းမှာ “သေနတ်ယဉ်ကျေးမှု”ကြောင့် ဖြစ်သည်။ ယင်းယဉ်ကျေးမှုမျိုး၏ အတွင်းသရုပ်မှာ အကြမ်းဖက်မှုကို အမြတ်တနိုး တန်ဖိုးထားခြင်း၊ အကြမ်းဖက်မှုကို အမွှမ်းတင်ခြင်းပင် ဖြစ်၍ သေနတ် အကြမ်းဖက်မှုကို တစ်နေ့တခြား ဆိုးရွားလာ စေသည်။

အသက်ရှင်နေထိုင်ခွင့်သည် အရေးအကြီးဆုံးသော လူ့အခွင့်အရေး ဖြစ်သည်။ သေနတ် အကြမ်းဖက်မှုကို ထိရောက်စွာ ထိန်းချုပ်ဟန့်တားနိုင်၊ မဟန့်တားနိုင်ခြင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အမေရိကန်၏ လူ့အခွင့်အရေးကို ချိန်ဆတိုင်းတာရေး စံချိန်စံညွှန်း ဖြစ်သည်။ သေနတ် အကြမ်းဖက်မှု ပြဿနာကို ဖြေရှင်းရန် အတွက် အမေရိကန် နိုင်ငံရေး သမားများမှ နည်းလမ်း မရှိကြောင်း ဟူသော ပြောဆိုချက်မှာ အပြစ်ကို ခေါင်းရှောင်ခြင်းပင် ဖြစ်သည်။ သော့ချက်မှာ ၄င်းတို့ အနေနှင့် သေနတ် အကြမ်းဖက်မှု ပြဿနာကို တကယ်တမ်း ဖြေရှင်းချင်သလား၊ မဖြေရှင်းချင်ဘူးလား ဆိုသည့်အပေါ်တွင် မူတည်သည်။ ယင်းသည် အမေရိကန် နိုင်ငံရေး သမားများ၏  ပင်ကိုယ်အသိဥာဏ်ကို စိန်ခေါ်မှု ဖြစ်သည်။