၂၀၂၂ခုနှစ်တွင် ရှန်ရှီးပြည်နယ်၏ တရုတ်-ဥရောပ ရထား အကြိမ်(၄၀၀၀)ကျော်လွန်ပြီ

(GMT+08:00)2022-11-24 15:22:51  

နိုဝင်ဘာလ ၂၃ရက်နေ့က အိမ်သုံးလျှပ်စစ်ကုန်ပစ္စည်းများကို အပြည့်အဝတင်ထား သော X 8151 တရုတ်-ဥရောပရထားသည် ရှီးအန်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ဘူတာမှ ထွက်ခွါပြီး ဥရောပတိုက်သို့ ပြေးဆွဲသွားခဲ့ပါသည်။ ယင်းသည် တရုတ်ရထားလမ်း ရှီးအန်းဗျူရိုအုပ်စုကုမ္ပဏီလီမိတက်မှ ပထမဆုံး ပြေးဆွဲသော တရုတ်-ဥရောပရထား၏ လျှပ်စစ်ကုန်ပစ္စည်းများတင်ပို့ရေး အထူးရထားဖြစ်ပြီး ၂၀၂၂ခုနှစ်တွင် ရှန်ရှီးပြည်နယ်၏ တရုတ်-ဥရောပ ရထား အကြိမ် (၄၀၀၀) ကျော်လွန်ပြီဟု ပြဆိုပါသည်။ ယခုအကြိမ် တရုတ်-ဥရောပရထား၏ လျှပ်စစ်ကုန်ပစ္စည်းများတင်ပို့ရေး အထူးရထား စတင်ပြေးဆွဲ ခြင်းသည် တရုတ်ပြည်တွင်းကုမ္ပဏီများအတွက် ပြည်ပဈေးကွက်ကို တိုးချဲ့ရေးကို အထောက်အကူပြုပြီး “Made in China”ကို ဥရောပတိုက်သို့ တက်လှမ်းရေးကို တွန်းအားပေးကာ “The Belt and Road” တစ်လျှောက်ရှိ နိုင်ငံများအကြား ကုန်သွယ်ရေးကို တိုးမြှင့်ရန် တက်ကြွသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပါသည်။