ကန် ဒုသမ္မတသည် Palawan ကျွန်းပေါ် သွားရောက်ခြင်းနှင့်ပတ်သက်၍ ကန်၊ ဖိလစ်ပိုင် ကူးလူးဖလှယ်ရေးသည် အခြားနိုင်ငံများ၏ အကျိုးစီးပွားကို မထိခိုက်သင့်ကြောင်း တရုတ် ဆို

(GMT+08:00)2022-11-23 14:35:08  

ဖိလစ်ပိုင်နိုင်ငံ၌ တရားဝင်ခရီးလှည့်လည်နေသော အမေရိကန် ဒုတိယသမ္မတ ဟာရီစ်သည် နိုဝင်ဘာလ ၂၂ ရက်နေ့က တရုတ်တောင်ပင်လယ်နှင့် နီးစပ်သည့် Palawan ကျွန်းပေါ် သွားရောက်ပြီး ဖိလစ်ပိုင်ကို ထောက်ခံကြောင်း ပြဆိုခဲ့ပါသည်။ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဖိလစ်ပိုင်တို့ ပုံမှန်ကူးလူးဆက်ဆံရေးဆောင်ရွက်မှုကို မကန့်ကွက်သော်လည်း သက်ဆိုင်ရာကူးလူးဆက်ဆံမှုသည် အခြားနိုင်ငံများ၏ အကျိုးစီးပွားကို မထိခိုက်သင့်ကြောင်း ၂၂ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။