အင်ဒိုနီးရှား မြေငလျင်လှုပ်ခတ်မှုဖြစ်ပွားသည့်နေရာတွင် အရေးပေါ်ကယ်ဆယ်နေ

(GMT+08:00)2022-11-23 14:40:54  

ယခုလ ၂၁ ရက်နေ့က အင်ဒိုနီးရှား အနောက်ဂျာဗားပြည်နယ်တွင် ၅.၆အဆင့်ရှိ မြေငလျင် လှုပ်ခတ်မှု ဖြစ်ပွားသောကြောင့် လူအမြောက်အမြား သေကျေ ဒဏ်ရာရရှိခဲ့သည်။ တိုက်အိမ်များနှင့် အခြေခံ အဆောက်အအုံများလည်း ပြိုကျခဲ့ရသည်။ လက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲ ဖြစ်သည်။