ရှီကျင့်ဖိန်သည် အန်ယန်မြို့ ခိုင်ရှင့်တာ ကုန်သွယ်မှု ကော်ပိုရေးရှင်း မီးလောင်မှုနှင့် ပတ်သက်ပြီး ညွှန်ကြားချက် ထုတ်ပြန်

(GMT+08:00)2022-11-23 14:26:46  

  နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဟိုနန်ပြည်နယ် အန်ယန်မြို့ရှိ ခိုင်ရှင့်တာ ကုန်သွယ်မှု ကော်ပိုရေးရှင်း စက်ရုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ လူ ၃၈ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ညွှန်ကြားချက် ထုတ်ပြန်ပြီး ဒဏ်ရာ ရရှိသူများအား အစွမ်းကုန် ကုသကယ်ဆယ်ပေးရန်၊ ကျန်ရစ်သူ မိသားစုများအား နှစ်သိမ့်ရေးနှင့် သက်ဆိုင်ရာ နောက်ဆက်တွဲ ကိစ္စရပ်များကို သင့်တော်စွာ ဆောင်ရွက်ရန်၊ မီးလောင်မှု ဖြစ်ပွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်၊ ဥပဒေနှင့်အညီ သက်ဆိုင်ရာ တာဝန်ရှိသူများကို အရေးယူရန် ဖေါ်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။