ပေါ်တူဂီ နာမည်ကျော်ဘောလုံးကစားသမား ရော်နယ်ဒိုသည် မန်ချက်စတာ ယူနိုက်တက် အသင်းမှ တရားဝင်ထွက်ခွာ

(GMT+08:00)2022-11-23 14:32:52  

ပေါ်တူဂီနိုင်ငံမှ နာမည်ကျော် ဘောလုံးကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုသည် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းနှင့် ညှိနှိုင်း၍ သဘောတူညီမှု ရရှိပြီးနောက် နိုဝင်ဘာလ ၂၂ရက်နေ့တွင်  ယင်းအသင်းမှ တရားဝင် ထွက်ခွါခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ရော်နယ်ဒိုသည် ပေါ်တူဂီ အသင်းနှင့်အတူ ကာတာနိုင်ငံတွင် ကျင်းပနေသော ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။