ကမ္ဘာ့ဖလား ဗိုလ်လုပွဲကျင်းပမည့် အားကစားကွင်းကို တရုတ်နိုင်ငံမှ တည်ဆောက်ခြင်း အပေါ် နိုင်ငံခြားမီဒီယာများက like ပေးကြ

(GMT+08:00)2022-11-23 14:38:15  

ပီကင်းစံတော်ချိန် နိုဝင်ဘာလ ၂၂ ရက်နေ့ညက ကမ္ဘာ့ဖလား အုပ်စု-C ပြိုင်ပွဲတွင် ဆော်ဒီအာရေဗျအသင်းသည် ၂-၁ ဖြင့် အာဂျင်တီးနားအသင်းကို အနိုင်ရခဲ့ပါသည်။ ယင်းပြိုင်ပွဲကို ဘောလုံးဝါသနာရှင် (၈)သောင်းကျော် ကြည့်ရှုခဲ့ကြပြီး ကာတာနိုင်ငံ အားကစားသမိုင်းတွင် ကြည့်ရှုသူဦးရေ အများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။ ယင်းပြိုင်ပွဲ၏ အားကစားကွင်း၊ ကာတာနိုင်ငံ အကြီးဆုံးအားကစားကွင်းဖြစ်သည့် Lusailအားကစားကွင်းကို တရုတ်နိုင်ငံမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

Lusail အားကစားကွင်းသည် ကာတာနိုင်ငံ၏ အထင်ကရအဆောက်အအုံ ဖြစ်လာပြီး ယင်းနောက်ကွယ်တွင် “Made in China”၏ အကူအညီ မရှိမဖြစ် လိုအပ်ပါသည်။