ရှီကျင့်ဖိန်သည် အင်ဒိုနီးရှား၌ ငလျင်ဘေးကြီး ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုအား ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-11-23 14:27:22  

  နိုဝင်ဘာလ ၂၂ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အင်ဒိုနီးရှား၌ ငလျင်ဘေးကြီး ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုအား ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

   ရှီကျင့်ဖိန်က အင်ဒိုနီးရှားတွင် ငလျင်ဘေးကြီး ဖြစ်ပွားခဲ့ပြီး လူအမြောက်အမြား သေကျေဒဏ်ရာရရှိမှုနှင့် ဓနဥစ္စာများ နစ်နာဆုံးရှုံးမှု ဖြစ်ပွားခဲ့ခြင်းသတင်းကို ကြားမိရကြောင်း၊ မိမိသည် တရုတ်အစိုးရနှင့် ပြည်သူများ ကိုယ်စား ကွယ်လွန်သူများ အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဖေါ်ပြပြီး ကျန်ရစ်သူမိသားစုများနှင့် ဒဏ်ရာ ရရှိသူများအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ပါကြောင်း၊ သမ္မတ ဂျိုကိုနှင့် အင်ဒိုနီးရှား အစိုးရ၏ ဦးဆောင်မှုဖြင့် ဘေးသင့်ဒေသမှ ပြည်သူများသည် ဘေးအန္တရာယ်များကို ကျော်လွှားပြီး ရပ်ရွာကို ပြန်လည် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဖေါ်ပြထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။