တရုတ်နိုင်ငံအရှေ့စစ်နယ်မှ လေတပ် စစ်သားများသည် ပင်လယ်ပြင်၌ ပျံသန်းလေ့ကျင့်မှုကို ပြုလုပ်

(GMT+08:00)2022-11-23 14:30:04  

ယခုရက်များတွင် တရုတ်နိုင်ငံ အရှေ့စစ်နယ်မှ လေတပ် တပ်မဟာတစ်ခုသည်  ပင်လယ်ပြင်တွင် လေကြောင်းတိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန် ပင်လယ်ပြင်၌ ပျံသန်းလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်။

ကုန်းတွင်းပိုင်း လေကြောင်းတိုက်ပွဲများနှင့်နှိုင်းယှဉ်ပါက ပင်လယ်ပြင်တွင် လေကြောင်း တိုက်ခိုက်မှုမှာ ပင်လယ်နှင့် မိုးကောင်းကင်၏ အရောင်တူပြီး ပင်လယ်တွင် ထင်ရှားသော အထင်ကရ နေရာများ မရှိခြင်းကြောင့် ပျံသန်းမှု ဘေးကင်းရေးကို ထိခိုက်စေတတ်ပါသည်။