လကမ္ဘာပေါ်သို့ ဆင်းသက်ရန်အတွက် တရုတ် လူပါ ဒုံးပျံသစ်ကို ၂၀၃၀ ခုနှစ်မတိုင်မီ အပြီးသတ် ထုတ်လုပ်မည်

(GMT+08:00)2022-11-23 14:31:38  

       ၂၀၂၂ ခုနှစ် တရုတ် အာကာသလုပ်ငန်းအစည်းအဝေးကို တရုတ်နိုင်ငံ ဟိုင်ခိုမြို့၌ ကျင်းပနေသည်။  လကမ္ဘာပေါ်သို့ ဆင်းသက်ရန်အတွက် တရုတ် လူပါ ဒုံးပျံသစ်ကို၂၀၃၀ ခုနှစ် မတိုင်မီ အပြီးသတ် ထုတ်လုပ်မည်ဖြစ်ပြီး အလေးစားသယ်ဆောင် ဒုံးပျံ သုတေသန ပြုရေးနှင့် ထုတ်လုပ်ရေးမှာလည်း အဆင့်အလိုက် အောင်ကျိုးရလဒ် ရရှိနေပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။

လူပါ ဒုံးပျံသစ်သည် လကမ္ဘာပေါ်သို့ ဆင်းသက်ရန် လိုအပ်ချက်နှင့် ကိုက်ညီပြီး အနာဂတ်တွင် သယ်ဆောင်နိုင်စွမ်း အကောင်းဆုံးသောဒုံးပျံ ဖြစ်လာမည်ဖြစ်ကြောင်း တရုတ် အာကာသသိပ္ပံနည်းပညာကော်ပိုရေးရှင်း Long March ဒုံးပျံ အထွေထွေ အကြံပေးအရာရှိ လုံလေ့ဟော်က ပြောကြားသည်။