ရှီကျင့်ဖိန်သည် ကုလသမဂ္ဂ-တရုတ် အာကာသစူးစမ်းလေ့လာရေးနှင့် ဆန်းသစ်တီထွင်ရေး ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး နှီးနှောဖလှယ်ပွဲသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-11-22 14:06:36  

နိုဝင်ဘာလ ၂၁ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ကုလသမဂ္ဂ-တရုတ် အာကာသစူးစမ်း လေ့လာရေးနှင့် ဆန်းသစ်တီထွင်ရေး ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး နှီးနှောဖလှယ်ပွဲသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံသည် အာကာသစူးစမ်းလေ့လာရေး လုပ်ငန်းများကို တက်ကြွစွာလုပ်ဆောင်ခဲ့ပြီး စကြဝဠာဆိုင်ရာ လူသားများ၏ သိရှိနားလည်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစေ ခဲ့ကြောင်း၊ အာကာသစူးစမ်းလေ့လာရေးသည် ဘယ်တော့မှ မပြီးဆုံးနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် နိုင်ငံအသီးသီးနှင့်အတူ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးပြီး အာကာသ နည်းပညာအား နိုင်ငံအသီးသီးမှ ပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်ရန် တွန်းအားပေးလိုကြောင်း ဖေါ်ပြခဲ့သည်။

ကုလသမဂ္ဂ-တရုတ် အာကာသစူးစမ်းလေ့လာရေးနှင့် ဆန်းသစ်တီထွင်ရေး ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် ဆက်ဆံရေး နှီးနှောဖလှယ်ပွဲကို ထိုနေ့က တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့၌ ဖွင့်လှစ်ခဲ့သည်။