ကိုလံဘီယာ အသေးစားလေယာဉ်တစ်စင်း ပျက်ကျမှုတွင် လူ(၈)ဦးစလုံး သေဆုံး

(GMT+08:00)2022-11-22 16:34:49  

    ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၁ရက်နေ့က ကိုလံဘီယာနိုင်ငံ ဒုတိယအကြီးဆုံးမြို့ Medellinမြို့၌ အသေးစားလေယာဉ်တစ်စင်းသည် ပျံတက်ပြီးနောက် မကြာမီတွင် ပျက်ကျခဲ့၍ လေယာဉ်မှူး (၂)ဦး နှင့် ခရီးသည် (၆)ဦးစလုံး သေဆုံးခဲ့ပါသည်။ လေယာဉ်ပျက်ကျ ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ မြေပေါ်ရှိ နေအိမ်များစွာ ပျက်စီးခဲ့ပါသည်။ လေယာဉ်၏ စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုသည် မတော်တဆမှု ဖြစ်စေသော အဓိကအကြောင်းရင်း ဖြစ်သည်ဟု ပဏာမစုံစမ်းစစ်ဆေးမှုအရ သိရပါသည်။