တောင်တန်းများတွင် လျှပ်စစ် "မိုးပျံလမ်း" တည်ဆောက်

(GMT+08:00)2022-11-22 16:04:39  

ဆောင်းရာသီအစောပိုင်းတွင် အန်းဟွေးပြည်နယ် ဟွမ်စန်းမြို့ ဟွမ်စန်းရပ်ကွက် တောင်တန်း၌ လျှပ်စစ်အလုပ်သမားတစ်စု ရှိနေပြီး သူတို့သည် စိမ်းလန်းမြင့်မားသော တောင်တန်းများတွင် အန္တရာယ်များနှင့် အခက်အခဲများကို ကျော်လွှားပြီး လျှပ်စစ် "မိုးပျံလမ်း" ကို တည်ဆောက်ကာ ဟွေးကျိုး-ကျင်းချောင် ၂၂၀ kV လိုင်း တည်ဆောက်ရေး လုပ်ငန်းအစီအစဉ်ကို ဘက်စုံတွန်းအားပေးနေကြသည်။ ယင်းလုပ်ငန်းအစီအစဉ် ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက်၊ ဟွမ်စန်းမြို့ မြောက်ပိုင်းဒေသများအတွက် ပိုမိုကြွယ်ဝသော လျှပ်စစ်ဓာတ်အားကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်ဟု သတင်းအရ သိရသည်။