Kurd လက်နက်ကိုင်များမှ ဒုံးကျည် တိုက်ခိုက်မှုခံရဟု တူရကီ ဆို

(GMT+08:00)2022-11-22 14:08:26  

   တူရကီပြည်ထဲရေးဝန်ကြီး Soylu က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဆီးရီးယား Kurd လက်နက်ကိုင် "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့" သည် တူရကီနိုင်ငံ Gaziantepပြည်နယ် အရှေ့တောင်ပိုင်းရှိ ဆီးရီးယားအနီး နယ်စပ်ဒေသကို ဒုံးကျည် ၁၀ စင်းထက်မနည်း တိုက်ခိုက်၍ လူ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

Soylu က ယခုအကြိမ် ဒုံးကျည် တိုက်ခိုက်မှုသည်  လူနေရပ်ကွက်နှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တူရကီသည် ယခုအကြိမ် တိုက်ခိုက်မှုကို အပြင်းထန်ဆုံးသော နည်းလမ်းဖြင့် တုံ့ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။