နေတိုးသည် လေယာဉ်တင်သင်္ဘော ၅ စင်းကို စုစည်း၍ ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆောင်ရွက်မည်

(GMT+08:00)2022-11-22 16:06:19  

အမေရိကန်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ အမေရိကန် Fordနှင့် Bush နျူကလီးယား လေယာဉ်တင်သင်္ဘောနှစ်စင်းသည် ပြင်သစ်၊ အီတလီနှင့် ဗြိတိန်နိုင်ငံတို့မှ လေယာဉ်တင်သင်္ဘောများနှင့်အတူ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုဝင်ဘာလတွင် မြေထဲပင်လယ်နှင့် အတ္တလန္တိတ်မှာ လေ့ကျင့်မည်ဟု ခန့်မှန်းကြောင်း၊ နေတိုးသည် လေယာဉ်တင်သင်္ဘောများနှင့် အကြီးအကျယ် စစ်ရေးလေ့ကျင့်ခြင်းမှာ အနာဂတ်တွင် အဆင့်မြင့် ပဋိပက္ခကို ရင်ဆိုင်ရန် ကြိုတင်လေ့ကျင့်ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာက ဖော်ပြခဲ့သည်ဟု သတင်းအရသိရပါသည်။