အင်ဒိုနီးရှား အနောက်ဂျာဗားပြည်နယ်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေ တိုးလာ

(GMT+08:00)2022-11-22 16:05:58  

ယခုလ ၂၁ ရက်နေ့က အင်ဒိုနီးရှား အနောက်ဂျာဗားပြည်နယ် ကျန်ယွီဒေသ အရေးပေါ်ကိစ္စ ဖြေရှင်းရေးဌာနမှ အချက်အလက်အရ ထိုနေ့က ဖြစ်ပွားသော ပြင်းအား ၅.၆ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုတွင် သေဆုံးသူဦးရေ ၁၆၂ဦးအထိ တိုးလာပြီး ၄င်းအနက် လူ၁၀၀သည် ငလျင်ကြောင့် ဖြစ်ပွားသော မြေပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း၊ လူ ၁၀၀၀၀ကျော်သည် နေအိမ်မှ စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ဖော်ပြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒဦးစီးဌာန ဝက်ဘ်ဆိုက်မှ အချက်အလက်အရ ဂျာကာတာ စံတော်ချိန် မွန်းလွဲပိုင်း ၁နာရီ ၂၁မိနစ်က မြေငလျင် လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ငလျင် ဗဟိုချက်မှာ ကျန်ယွီဒေသ အနောက်တောင်ဘက် ၁၀ကီလိုမီတာ အကွာရှိ နေရာကို ဗဟိုပြုပြီး ငလျင်အနက် ၁၀ ကီလိုမီတာရှိကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။