ယိဝူးမြို့ထုတ် ကုန်ပစ္စည်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ကုန်ပစ္စည်းများထဲတွင် ၇၀ ရာခိုင်နှုန်းရှိ

(GMT+08:00)2022-11-22 14:09:58  

ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့က စတင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ယိဝူးမြို့မှ ထုတ်လုပ်သော ကမ္ဘာ့ဖလားပြိုင်ပွဲ ကုန်ပစ္စည်းများကို ယိဝူးမှနေ ကမ္ဘာ့နေရာအနှံ့သို့ ပို့ဆောင်ရောင်းချလျက်ရှိသည်။ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်သောအသင်း ၃၂ သင်းမှ အလံများမှနေ ကမ္ဘာ့ဖလားရုပ်တုနှင့် ခေါင်းအုံးအထိ ယိဝူးမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ကုန်ပစ္စည်းများထဲတွင် ၇၀ ရာခိုင်နှုန်းရှိကြောင်း ယိဝူး အားကစားပစ္စည်းအသင်းမှ ခန့်မှန်းချက်အရ သိရပါသည်။