၂၀၂၂ခုနှစ် Financial Street ဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်လှစ်

(GMT+08:00)2022-11-22 16:06:46  

    ၂၀၂၂ခုနှစ် Financial Street ဖိုရမ် နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၂၁ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်းမှ ဧည့်သည်တော် ၄၀၀ခန့်သည် ဖိုရမ်သို့ တက်ရောက်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒြပ်ရှိ စီးပွားရေးကို အင်အား ထည့်သွင်းပေးခြင်း စသည့် ခေါင်းစဉ်များ အပေါ် အာရုံစူးစိုက်ပြီး ဘက်အသီးသီးတို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများကို အတူ မျှဝေရန်နှင့် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို အတူတကွ ကျော်လွှားရန် တွန်းအားပေးရေးနှင့် ပတ်သက်၍ အတူ တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရသည်။