ရုရှား အရှေ့ဖျားဒေသရှိ Shiveluch မီးတောင် အလွန်လှုပ်ရှား

(GMT+08:00)2022-11-22 16:34:14  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက်နေ့က ရုရှားနိုင်ငံ Kamchatkaဒေသရှိ Shiveluchမီးတောင်မှ မီးတောင်ပြာမှုန့်များ ပန်းထွက်နေပါသည်။

ရုရှား အရှေ့ဖျားဒေသ Kamchatkaကျွန်းဆွယ် မြောက်စွန်းပိုင်းရှိ Shiveluch မီးတောင်သည် အလွန်လှုပ်ရှားလာနေကြောင်း ရုရှားသုတေသီများက နိုဝင်ဘာလ ၂၀ရက်နေ့က ပြောကြားပါသည်။

Shiveluch မီးတောင်သည် ရေမျက်နှာပြင်ထက် (၃၂၈၃)မီတာမြင့်ပြီး ၁၉၈၀ပြည့်နှစ်က ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ကာ Kamchatka ကျွန်းဆွယ်၌ အလှုပ်ရှားဆုံး မီးတောင်များ အနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။