တရုတ်-ကာဇတ်စတန်နယ်စပ် ဘတ်ခ်တူဂိတ်တွင် သွင်းကုန်ပို့ကုန် တိုးများလာ

(GMT+08:00)2022-11-21 13:57:22  

ဆောင်းရာသီဝင်ရောက်ပြီးနောက် တရုတ်နိုင်ငံနှင့် ကာဇတ်စတန်နယ်စပ်ရှိ ရှင်းကျန်းဒေသ ဘတ်ခ်တူ ဂိတ်တွင် သွင်းကုန်ပို့ကုန် ကုန်သွယ်မှုမှာ အရှိန်အဟုန်ဖြင့် ကြီးမားနေဆဲဖြစ်ပြီး ကုန်တင်ကားကြီးများ သွားလာရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ဘတ်ခ်တူနယ်စပ်အဝင်-အထွက်စစ်ဆေးရေးဂိတ်မှ သတင်းအရ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဘတ်ခ်တူဂိတ်တွင် တင်သွင်းတင်ပို့သည့် ကုန်ပစ္စည်း စုစုပေါင်း တန်ချိန် ၂၆၅၀၀၀ခန့် ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၅၃.၉၇ ရာခိုင်နှုန်း တိုးလာပြီး ပို့ကုန်သွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၆၇ဘီလီယံရှိကာ လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၃.၃၄ ရာခိုင်နှုန်းတိုးမြင့်လာ၍ တစ်နှစ်လုံးတွင် သွင်းကုန်ပို့ကုန်ပမာဏမှာ တန်ချိန် ၃သိန်းကျော်ရှိမည်ဖြစ်ပြီး ၁၉၉၀ပြည့်နှစ် ဂိတ်ဖွင့်လှစ်ပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်သည်ဟု ခန့်မှန်းကြောင်း သိရပါသည်။