ထရန့်သည် သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရာတွင် ငွေကြေး ပြဿနာနှင့် ရင်ဆိုင်ရနိုင်

(GMT+08:00)2022-11-21 13:58:45  

Sinovision ဝက်ဘ်ဆိုက်မှ သတင်းထုတ်ပြန်ချက် အရ ထရန့်သည် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်ရာတွင် မမျှော်လင့်ထားသော ပြဿနာတစ်ခု ကြုံတွေ့ရနိုင်ကြောင်း၊ ယင်းသည် အလွန်ချမ်းသာကြွယ်ဝသော ထရန့်၏ ငွေထောက်ပံ့သူများသည် ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူး ဒေဇန်တစ်စ်နှင့် အခြားပြိုင်ဘက်များကို ပြောင်းလဲထောက်ခံ သွားသည်နှင့်အမျှ ထရန့်သည် ငွေချို့တဲ့မှုပြဿနာကို ရင်ဆိုင်ရနိုင်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

နိုဝင်ဘာလ ၁၅ရက်နေ့တွင် အမေရိကန်သမ္မတဟောင်း ထရန့်သည် ဖလော်ရီဒါပြည်နယ် Mar-a-Lago တွင် ၂၀၂၄ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါသည်။