ယခုနှစ်အတွင်း အမေရိကန်တွင် လိင်ပြောင်းသူ ၃၂ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အမေရိကန်မီဒီယာဆို

(GMT+08:00)2022-11-21 13:59:41  

၂၀၂၂ခုနှစ်တွင် အမေရိကန်၌ လိင်ပြောင်းသူ ၃၂ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့သည်ဟု လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့က ၁၆ရက်နေ့က ၎င်း၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားကြောင်း အေပီသတင်းဌာနမှ သတင်းအရ သိရပါသည်။

လူဖြူမဟုတ်သော လိင်ပြောင်းသူများသည် ယခုနှစ်တွင် သတ်ဖြတ်ခံခဲ့ရသူ စုစုပေါင်း ဦးရေ၏ ၈၁ ရာခိုင်နှုန်းရှိပြီး လူမည်းများသည် ၅၉ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာတွင် ဖေါ်ပြသည်။ သတ်ဖြတ်ခံခဲ့ရသူ အများစုကြီးသည် အသက် ၃၅နှစ်အောက် လူမည်းများဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြ ထားသည်။