ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအတွင်းရေးမှူး၊ ကျူးဘားနိုင်ငံ ဥက္ကဋ္ဌ Díaz Canelသည် တရုတ်နိုင်ငံသို့ လာရောက်ခရီးလှည့်လည်မည်

(GMT+08:00)2022-11-21 13:55:06  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအတွင်းရေးမှူး၊ ကျူးဘားသမ္မတနိုင်ငံ ဥက္ကဋ္ဌMiguel Díaz-Canel Bermúdezသည် နိုဝင်ဘာလ ၂၄ရက်နေ့မှ ၂၆ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်ခရီးလှည့်လည်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်းယဉ်က ၂၁ရက်နေ့က ထုတ်ပြန်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။