ကန် Colorado ပြည်နယ်၌ ပစ်ခတ်မှု ဖြစ်ပွား

(GMT+08:00)2022-11-21 14:00:20  

အမေရိကန်နိုင်ငံ Colorado ပြည်နယ် Colorado Springs မြို့ရှိ night ကလပ် တစ်ခုတွင် ၁၉ရက်နေ့ညသန်းခေါင်က ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် လူ (၅)ဦး ထက်မနည်း သေဆုံးပြီး (၁၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲချုပ် အာဒ်ရီအန် ပါစခေစ်က သင်္ကာမကင်းရှိသူသည် အသက် ၂၂နှစ် ရှိပြီး ရိုင်ဖယ်သေနတ်ကိုင်၍ ယင်းnight ကလပ်ကို ဝင်ရောက်ကာ ချက်ချင်းပဲ ပစ်ခတ်ခဲ့ကြောင်း မီဒီယာအား ပြောကြားခဲ့ပါသည်။

အမေရိကန်ဝက်ဘ်ဆိုက်ဖြစ်သည့် “သေနတ်ဆိုင်ရာ အကြမ်းဖက်မှု ဖိုင်များ”၏ နောက်ဆုံးစာရင်းအရ ယခုနှစ်တွင် အမေရိကန်၌ လူ(၄)ဦး ထက်မနည်း သေကျေဒဏ်ရာ ရရှိခဲ့ပြီး ပြင်းထန်ဆိုးဝါးသော ပစ်ခတ်မှု အကြိမ် (၆၀၀)ကျော် ဖြစ်ပွားခဲ့ကြောင်း၊ လူ(၃)သောင်း (၉)ထောင်ကျော်သည် သေနတ်ဆိုင်ရာအကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံး ခဲ့ရကြောင်း သိရှိရပါသည်။