Musk က Trump ၏ Twitter အကောင့်ကို ပြန်ဖွင့်မည်ဟု ဆို

(GMT+08:00)2022-11-20 15:11:21  

မကြာမီက Twitter ၏ပိုင်ရှင်အသစ် Musk သည် Trump ၏ Twitter အကောင့်ကို ပြန်ဖွင့်သင့်သလားဟု အင်တာနက်အသုံးပြုသူများအား မေးမြန်းသည့်စစ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့သည်။ နောက်ဆုံးမဲပေးရလဒ်အရ ၅၁.၈ ရာခိုင်နှုန်းရှိ အင်တာနက်အသုံးပြုသူ များသည် ထောက်ခံကြောင်း မဲပေးခဲ့ကြသည်ဟု သိရသည်။

သို့သော် Trump ကိုယ်တိုင်က ၄င်းကို စိတ်ဝင်စားခြင်း မရှိပါဟု Reuters သတင်းဌာနမှ နောက်ဆုံးထုတ်သတင်းအရ သိရသည်။