မင်းသမီး Galyani Vadhanaဂီတကောလိပ်သို့ ဖုန်လိယွမ် သွားရောက်လေ့လာ

(GMT+08:00)2022-11-20 09:25:44  

နိုဝင်ဘာလ ၁၉ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ ဇနီး ဖုန်လိယွမ် သည် ထိုင်းဝန်ကြီးချုပ် ပရာယွတ်၏ ဇနီး Naraporn Chan-o-cha နှင့်အတူ မင်းသမီး Galyani Vadhana ဂီတကောလိပ်သို့ သွားရောက်လေ့လာခဲ့ပါသည်။

ဖုန်လိယွမ် သည် Naraporn Chan-o-cha နှင့်အတူ ကောလိပ်ပြခန်းသို့ သွားရောက်ကြည့်ရှုပြီး ကောလိပ်ဖွံ့ဖြိုးတိုးတက်မှုသမိုင်း၊ နိုင်ငံခြားနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို ကြားနာကာ မင်းသမီး Galyani Vadhana ဂီတကောလိပ်နှင့် နန်ကင်း အနုပညာကောလိပ်တို့၏ ပူးတွဲတင်ဆက်ပြသမှုကို ကြည့်ရှုခဲ့ပါသည်။ ကျောင်းသူ ကျောင်းသားများ၏ ရသမြောက်ပြသမှုအတွက် ဖုန်လိယွမ်သည် လက်ခုပ်တီးအားပေး ခဲ့ပါသည်။ ဖုန်လိယွမ်က ဂီတဆိုသည်မှာ နယ်နိမိတ် မရှိကြောင်း၊ တရုတ်-ထိုင်း ဘာသာစကား မတူသော်လည်း မိမိတို့သည် ဂီတဖြင့် စိတ်နှလုံးသားကို ကူးလူး ဖလှယ်နိုင်ကြောင်း၊ ယနေ့ ပြသမှုဖြင့် မိမိသည် တရုတ်-ထိုင်း တစ်မိသားစုတည်းကဲ့သို့ ခင်မင်ရင်းနှီးသော သံယောဇဉ်ကို ထိတွေ့ခံစားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

မင်းသမီး Galyani Vadhana ဂီတကောလိပ်မှ မထွက်ခွာမီ ဖုန်လိယွမ်သည် ကောလိပ်ထံသို့ တရုတ်ရှေးခေတ်စောင်း၊တရုတ်ယဉ်ကျေးမှုဂီတစာအုပ်၊တိပ်ခွေစီဒီနှင့် ဒီဗီဒီများကို လှူဒါန်းပေးအပ်ခဲ့ရာ ပိုမိုများပြားသော ထိုင်းလူငယ်များအား တရုတ်တူရိယာကို သင်ယူလေ့လာပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှုကူးလူးဖလှယ်ရေး မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။