ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိ

(GMT+08:00)2022-11-20 15:01:29  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၁၇ ကြိမ်မြောက် ဂျီ-၂၀ အုပ်စု ထိပ်သီးခေါင်းဆောင်များအစည်းအဝေး၊ အေပက်အဖွဲ့ ၂၉ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ပြီးနောက် ထိုင်းနိုင်ငံ ခရီးစဉ် ပြီးဆုံးပြီဖြစ်၍ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ရှီကျင့်ဖိန်၏ဇနီး ဖုန်လိယွမ်၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရေးရာရုံး ဥက္ကဋ္ဌ တင်ရွှေရှန်၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင် ဝမ်ယိနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုလစ်ဖုန်း တို့သည် ရှီကျင့်ဖိန်နှင့်အတူ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။