တရုတ်နိုင်ငံ-ခရီးစဉ်သစ် မီဒီယာကြည့်ရှုပွဲကို ဒါကာတွင် ကျင်းပ

(GMT+08:00)2022-11-20 15:02:31  

      နိုဝင်ဘာလ ၁၈ရက်နေ့ ညက China Media Group အာရှ-အာဖရိကရေးရာ စင်တာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့ ပူးတွဲကျင်းပသော တရုတ်နိုင်ငံ-ခရီးစဉ်သစ် မီဒီယာကြည့်ရှုပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ Renaissance Dhaka Gulshan Hotel တွင် ကျင်းပခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီကျီမင်း သည် ကြည့်ရှုပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်သတင်းအေဂျင်စီ၊ ဒေသခံရုပ်မြင်သံကြား ဌာနများ၊ သတင်းစာတိုက်များနှင့် သတင်းဝက်ဘ်ဆိုက်များ ၃၀ကျော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် တရုတ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၁၀၀ခန့်တို့ သည် ကြည့်ရှုပွဲသို့ တက်ရောက်ပြီး China Media Group မှ ရိုက်ကူးထားသော တရုတ်နိုင်ငံ-ခရီးစဉ်သစ်နှင့် အခြား Documentary များ၏ ပရိုမိုးရှင်းဗီဒီယိုကို ကြည့်ရှုကာ တန်ဖိုးထားချီးကျူးခဲ့ကြပါသည်။