မလေးရှားအထွေထွေရွေးကောက်ပွဲ ကျင်းပ

(GMT+08:00)2022-11-20 15:13:40  

မလေးရှားနိုင်ငံတွင် ယခုလ ၁၉ ရက်နေ့က ၁၅ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်မှ ပဏာမ ရွေးကောက်ပွဲရလဒ်များကို ၂ဝ ရက်နေ့ လင်းအားကြီးအချိန်တွင် ကြေညာခဲ့သည်။ ရွေးကောက်ပွဲတွင် ပါဝင်သည့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးပါတီများညွန့်ပေါင်းအဖွဲ့တို့ သည် ပါလီမန်အောက်လွှတ်တော်တွင် အမတ်နေရာ ထက်ဝက်ကျော် ရရှိခြင်း မရှိသောကြောင့် အစိုးရသစ်ကို မည်သို့ ဖွဲ့စည်းမည်နည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရသည်။