တရုတ်-ဥရောမီးရထား“ခယ်ချောင်”စတင်ပြေးဆွဲ

(GMT+08:00)2022-11-20 15:14:59  

ယခုလ ၁၈ ရက်နေ့က ပထမဆုံးတစ်စင်း တရုတ်-ဥရောမီးရထား“ခယ်ချောင်”သည် တရုတ်နိုင်ငံ ကျယ့်ကျန်းပြည်နယ် Hangzhou-Ningbo မီးရထားလမ်း ချန်ချင်း ကုန်စည်ပို့ဆောင်ရေးစခန်းမှ တဖြည်းဖြည်း ထွက်ခွာခဲ့သည်၊ “နိုင်ငံတကာ ယက်ကန်းမြို့” ဟုခေါ်သော ကျယ့်ကျန်းပြည်နယ် ရှောင်ရှင်းမြို့ ခယ်ချောင်ရပ်ကွက်သည် လျင်မြန်စွာ ပို့ဆောင်နိုင်သော ပိုးလမ်းမကြီးသစ်ကို အောင်မြင်စွာ လမ်းဖောက်ခဲ့ပြီး ပင်လယ်လမ်းကြောင်းနှင့် ရထားလမ်းကြောင်း တွဲဖက်ပို့ဆောင်ရေးခေတ်သို့ တရားဝင် ၀င်ရောက်ပြီဖြစ်ကြောင်း ပြဆိုနိုင်သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။