အေပက်အဖွဲ့ စက်မှုနှင့်ကုန်သွယ်ရေး ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းပြောကြားချက်ကို နိုင်ငံများစွာမှ ပုဂ္ဂိုလ်များ ချီးကျူး

(GMT+08:00)2022-11-19 16:41:43  

နိုင်ငံများစွာမှ ပုဂ္ဂိုလ်များသည် အေပက်အဖွဲ့ စက်မှုနှင့်ကုန်သွယ်ရေး ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းပြောကြားချက်ကို ချီးကျူးခဲ့ကြပါသည်။

      ထိုင်းဝန်ကြီးချုပ်ဟောင်း Phinij Jarusombat က ထိုင်းနိုင်ငံနှင့် အေပက် အဖွဲ့ဝင်များသည် သမ္မတ ရှီကျင့်ဖိန် မှ အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရန် ကြိုဆိုကြကြောင်း၊ Belt and Road အဆိုပြုချက်မှာ မိမိတို့၏ မျှော်လင့်ချက်ဖြစ်ပြီး လူသားကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေး အတွေးအခေါ်၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် အကျိုးရရှိစေရေးတို့ကို ချီးကျူးဖွယ်ရာကောင်းကြောင်း ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာန ဝန်ကြီး Bahlil Lahadaliaက ယခုနှစ် ဇူလိုင်လက မိမိသည် သမ္မတ Joko Widodo နှင့်အတူ တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ပြီး တရုတ်နိုင်ငံ၏ အပြောင်းလဲကြီးကို ထိတွေ့ခံစားခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် သည် ဉာဏ်ထက်မြက်ပြီး အမြော်အမြင်ကြီးသော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး တရုတ်ပုံစံ ခေတ်မီရေးဖြစ်စဉ်ဖြင့် တရုတ်နိုင်ငံ၏ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးလျက် ရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း၊ အနာဂတ်တွင် ပိုမိုများပြားသော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးတက်မှုသစ်များရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၂ခုနှစ် ဂျီ-၂၀ စက်မှုနှင့်ကုန်သွယ်ရေးထိပ်သီးအစည်းအဝေး သဘာပတိ Shinta Kandani က လက်ရှိ ကမ္ဘာ့အခြေအနေ မတည်မငြိမ်ဖြစ်ပြီး ပထဝီနိုင်ငံရေး တင်းမာသော အခြေအနေမျိုးတွင် ကမ္ဘာ့စီးပွားရေးနာလန်ထူရန် အလွန်အရေးကြီးကြောင်း၊ တီထွင်ဆန်းသစ်မှု တိုးမြှင့်ရေးတွင်ရော တစ်ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုတွင်ပါ တရုတ်နိုင်ငံသည် အလွန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ပြောကြား ခဲ့ပါသည်။

တောင်အာဖရိကစီးပွားရေးပညာရှင် Dawie Roodt က သမ္မတ ရှီကျင့်ဖိန် ကဲ့သို့ တာဝန်ယူတတ်သော ထိပ်သီးခေါင်းဆောင်များသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကဆောင်ပုဒ်များကို အာရုံစိုက်ကြကြောင်း၊ စီးပွားရေးတစ်ပြေးညီဖြစ်စေရေးမှာ စစ်မှန်သော ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးတစ်မျိုး ဖြစ်ကြောင်း၊ ၄င်းမှာ တံခါးဖွင့်ရေးကို စွဲကိုင်ထားပြီး ကုန်သွယ်ရေးအဆင်ပြေစေရန် တောင်းဆိုကြောင်း၊ အာရှ-ပစိဖိတ် စီးပွားရေးအပ်စုများအကြား ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးပြီး ဒေသတွင်းရှင်သန်နိုင်စွမ်းကို ပေါ်လွင် လာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။