ရှီကျင့်ဖိန်သည် ပါပူဝါနယူးဂီနီ ဝန်ကြီးချုပ် မာရာဖေနှင့် တွေ့ဆုံ

(GMT+08:00)2022-11-19 16:40:13  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၈ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ပါပူဝါနယူးဂီနီနိုင်ငံ ဝန်ကြီးချုပ် မာရာဖေနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံခဲ့ ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ပါပူဝါနယူးဂီနီနိုင်ငံနှင့်အတူ အရည်အချင်းပိုမြင့်ပြီး အပြန်အလှန် အကျိုးစီးပွား ပိုမိုရရှိစေသော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေးကို ထူထောင်ရန်၊ ပိုမိုရင်းနှီးသော တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများအကြား ကံကြမ္မာ အသိုက်အဝန်းကို တည်ဆောက်ရန်အတွက် ဦးဆောင်ရေးနှင့် စံနမူနာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိ ကြောင်း၊ တရုတ်နိုင်ငံသည် ပါပူဝါနယူးဂီနီနိုင်ငံနှင့်အတူ “Belt and Road”ကို အရည်အချင်းမြင့်မားစွာ အတူတကွတည်ဆောက်ပြီး လယ်ယာစိုက်ပျိုးရေး၊ သစ်တော၊ ငါးလုပ်ငန်း၊ အခြေခံအဆောက်အအုံ၊ စီးပွားရေးအထူးဇုန်တည်ဆောက်ရေး၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး၊ မြစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး စသောနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံသည် ပါပူဝါနယူးဂီနီနိုင်ငံစသော ပစိဖိတ်ကျွန်းနိုင်ငံများနှင့်အတူ နိုင်ငံတကာနှင့် ဒေသတွင်း ရေးရာများတွင် အားဖြည့်လိုက်ရောညီထွေပြီး အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးတို့ကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြား ပါသည်။

မာရာဖေက ပါပူဝါနယူးဂီနီနိုင်ငံနှင့် တရုတ်နှစ်နိုင်ငံတို့အကြား ချစ်ကြည်ရေးသည် ကြာလေလေ ကောင်းလေလေ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ပါပူဝါနယူးဂီနီနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မှိုမြက်နည်းပညာ(JunCao) စသော အကူအညီများကို ထောက်ပံ့ပေးကြောင်း၊ ပါပူဝါနယူးဂီနီနိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒကို ဆက်လက်ပြတ်သားစွာ လိုက်နာဆောင်ရွက်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ ပြည့်စုံမှုကို ထိန်းသိမ်း စောင့်ရှောက်ရေးကို ပြတ်သားစွာ ထောက်ခံကာ တရုတ်နိုင်ငံနှင့် စီးပွားကုန်သွယ်ရေး စသောနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန် ပြတ်သားစွာ ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း၊ ပိုမိုများပြားသော တရုတ်လုပ်ငန်းကုမ္ပဏီများအား ပါပူဝါနယူးဂီနီနိုင်ငံသို့ လက်ရောက် ရင်းနှီးမြှုပ်နှံပြီး ပူးပေါင်းဆောင်ရွက်ရန် ကြိုဆိုကြောင်း၊ ပါပူဝါနယူးဂီနီနှင့် တရုတ်နှစ်နိုင်ငံဆက်ဆံရေး တစ်ဆင့်တိုး ဖွံ့ဖြိုးတိုးတက်ရန် မည်သည့် အင်အားမျှ တားဆီးပိတ်ပင်၍ မရကြောင်း၊ ပါပူဝါနယူးဂီနီနိုင်ငံသည် ပစိဖိတ်ကျွန်း နိုင်ငံများဒေသနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက် တက်ကြွစွာ တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။