အေပက်အဖွဲ့ ၂၉ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး ဆက်လက်ကျင်းပ

(GMT+08:00)2022-11-19 16:38:30  

      နိုဝင်ဘာလ ၁၉ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသော အေပက်အဖွဲ့ ၂၉ ကြိမ်မြောက် ထိပ်သီး ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသို့ ဆက်လက်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးပြဿနာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ သမ္မတ ရှီကျင့်ဖိန် က လွတ်လပ်ပြီး တံခါးဖွင့်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးတို့သည် အေပက်အဖွဲ့၏ ရည်ရွယ်ချက်နှင့် အခြေခံမူများဖြစ်သကဲ့သို့ ၂၀၄၀ ပြည့်နှစ် Putrajaya မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရန် အရေးကြီးသော ကျောရိုးမဏ္ဍိုင်လည်း ဖြစ်ကြောင်း၊ စစ်မှန်သော ဘက်ပေါင်းစုံမူဝါဒကို စွဲကိုင်ထားပြီး ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ကာကွယ်ထိန်းသိမ်းရကြောင်း၊ လူအများအကျိုး ခံစားမှုနှင့် အားလုံးပါဝင်နိုင်မှုကို စွဲကိုင်ထားပြီး အပြန်အလှန်အကျိုးရရှိစေရကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တံခါးဖွင့်ရေးကို စွဲကိုင်ထားပြီး အာရှ-ပစိဖိတ်ဒေသ စည်ပင်သာယာရေးကို တွန်းအားပေးရကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ၂၀၂၂ခုနှစ် အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ကြေညာစာတမ်းနှင့် ဇီဝလည်ပတ်မှု မြစိမ်းရောင်စီးပွားရေးဆိုင်ရာ ဘန်ကောက် ရည်မှန်းချက်များကို ထုတ်ပြန်ခဲ့ပါသည်။