ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် ထိုင်းဘုရင် Vajiralongkorn နှင့် မိဖုရား Suthida တို့နှင့် တွေ့ဆုံ

(GMT+08:00)2022-11-19 16:37:27  

ဒေသစံတော်ချိန် ယခုလ ၁၈ ရက်နေ့ ညက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ထိုင်းနိုင်ငံ ဘန်ကောက် မဟာနန်းတော်တွင် ထိုင်းဘုရင် Vajiralongkorn နှင့် မိဖုရား Suthida တို့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က တရုတ်-ထိုင်း ဆက်ဆံမှုသည် ခေတ်သစ်တွင် အဆက်မပြတ် ရှင်သန် တိုးတက်လာနေကြောင်း၊ ယခုနှစ်သည် တရုတ်-ထိုင်း ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုထားရှိခဲ့သည့် ဆယ် နှစ် ဖြစ်ပြီး၊ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့်အတူ "တရုတ်-ထိုင်း မိသားစုတစ်စုတည်း" ၏ အထူးချစ်ခင်မှုကို ဆက်လက်တိုးပွားစေရန်၊ တရုတ်-ထိုင်း ကံကြမ္မာအသိုက်အဝန်းကို အတူတည်ဆောက်ရန်၊ နှစ်နိုင်ငံဆက်ဆံမှု အခန်းကဏ္ဍသစ်ကို ရေးသားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Vajiralongkorn က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ထက်မြက်မှန်ကန်သော ဦးဆောင်မှုကြောင့် တရုတ်နိုင်ငံသည် တစ်နေ့တခြား စည်ပင်သာယာဝပြောလာကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။