ဇန်နဝါရီလမှ အောက်တိုဘာလအထိ စီးပွားရေးစာရင်းအရ တရုတ်စီးပွားရေးသည် ဆက်လက် ဦးမော့လာ

(GMT+08:00)2022-11-18 15:30:48  

နိုဝင်ဘာလ ၁၆ ရက်နေ့က တရုတ်နိုင်ငံတော် အကောက်ခွန်ဌာနချုပ်မှ ထုတ်ပြန် သော စာရင်းအရ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံတစ်နိုင်ငံလုံး အခွန်စနစ်သည် အခွန်လျှော့ချခြင်း၊ အခွန်ပြန်အမ်းခြင်းနှင့် အခွန်ဆိုင်းငံ့ ကောက်ယူခြင်းများ၏ စုစုပေါင်းပမာဏသည် တရုတ်ယွမ် ၃.၇ ထရီလီယံကျော်ရှိပြီး ယင်းသည် လုပ်ငန်းကုမ္ပဏီများအတွက် ဝန်ထုပ်ဝန်ပိုးလျှော့ချပေးပြီး ဖွံ့ဖြိုးတိုးတက်ရန် အရှိန်ကို မြှင့်တင်ပေးခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ထိုနေ့တွင် နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ ထုတ်ပြန်သည့် စာရင်းအရ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယင်းကော်မရှင်သည် ပုံသေပိုင်ဆိုင်မှု ရင်းနှီး မြှုပ်နှံမှု စီမံကိန်း စုစုပေါင်း ၉၇ ခုကို စိစစ်အတည်ပြုပြီး သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏသည် ၁၄၂၃.၃ ဘီလီယံရှိကြောင်း၊ ၎င်းတို့အနက် အဓိကအားဖြင့် စွမ်းအင်၊ ပို့ဆောင်ရေးနှင့် ဆည်မြောင်းတာတမံလုပ်ငန်းများဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။