ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း စမ်းသပ်လည်ပတ်မှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့

(GMT+08:00)2022-11-18 11:46:53  

ဒေသစံတော်ချိန် ယခုလ ၁၆ ရက်နေ့က မြန်နှုန်းမြင့်ရထားလမ်း ဘက်စုံစမ်းသပ်မှု ရထားတစ်စင်းသည် ဂျကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့် ရထားလမ်း Dekarur ဘူတာရုံမှ အမှတ် ၄ Casting Yard ကြား ရထားလမ်းကို ဘက်စုံစမ်းသပ်စစ်ဆေးခဲ့ပြီး ရရှိသည့် ညွှန်းကိန်းအရပ်ရပ်ကောင်းမွန်ကြောင်း၊ ယင်းသည် တရုတ်၊ အင်ဒိုနီးရှားတို့မှ ပူးပေါင်းပြီး တည်ဆောက်သော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၏ ပထမအကြိမ် စမ်းသပ်လည်ပတ်မှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းကို ပြသထားကြောင်း China Media Group က ဖော်ပြသည်။