မြန်မာအစိုးရသည် အကျဉ်းသား၊ အကျဉ်းသူ ၅၇၇၄ ဦးအား အထူး လွတ်ငြိမ်း ချမ်းသာခွင့် ပေး

(GMT+08:00)2022-11-18 10:38:09  

    မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက မြန်မာအစိုးရသည် အကျဉ်းသား၊ အကျဉ်းသူ ၅၇၇၄ ဦးအား အထူးလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကြေညာခဲ့ ပါသည်။ လွတ်ငြိမ်းချမ်းသာခွင့် ခံရသူများထဲတွင် အနုပညာရှင်များနှင့် ယခင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရာထူးကြီးအဆင့်ရှိသူများ ပါဝင်ပြီး ၄င်းတို့အနက် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell နှင့် ယခင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Vicky Bowman အပါအဝင် နိုင်ငံခြားသား လေးဦးလည်းပါဝင်ပါသည်။ အထက်ပါ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည့် နိုင်ငံခြားသား လေးဦးကို မြန်မာနိုင်ငံမှ ပြည်နှင်ဒဏ်ပေးလိုက်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။